နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

Saturday 17 March 2012

ရှင်သန်နေဆဲ ဗုဒ္ဓတက္ကသိုလ်

မြတ်ဗုဒ္ဓ၏ အဆုံးအမ သြ၀ါဒ တရားဒေသနာတော်များကို မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး နောက်ပိုင်း နည်းအမျိုးမျိုး လမ်းအသွယ်သွယ်ဖြင့် သာသနာ့ဝန်ထမ်း ရဟန်းတော်များသည် တာဝန်ထမ်းဆောင် လာခဲ့သည်မှာ နှစ်ပေါင်း ၂၆၀၀ တိုင်ခဲ့လေပြီ သာသနာ့ဝန်ထမ်းရဟန်း သာမဏေ များ ပင်ပင်ပန်းပန်းခက်ခက် ခက်ခက်ခဲခဲ တာဝန်ထမ်းဆောင်ခဲ့သည့် ရလဒ်သည် ယ္ခုပစ္စုပ္ပန် မျက်မှောတ်ခေတ်တွင် လူနတ် ဗြဟ္မာ သတ္တ၀ါများ အတွက် ငြိမ်းအေးမှုပေါင်းများစွာ ရရှိခံစားနိုင်ကြ သည်ကို တွေ့မြင်ကြရပါသည်။
ဟိုးယ္ခင် အိန္ဒိယ ဗုဒ္ဓတက္ကသိုလ်ကြီးများမှသည် ယ္ခုမျက်မှောက်ခေတ် ဗုဒ္ဓတက္ကသိုလ်ကြီးများတွင် မြတ်ဗုဒ္ဓ၏ တရားဒေသနာတော်များကို သင်ကြားပို့ချ လေ့လာသင်ယူကြသည့် ရဟန်း သာမဏေ သီလရှင်များ အများအပြား ရှိနေခဲ့ပါသည် ရှိလဲရှိနေဆဲဖြစ်ပါသည် နောက်လဲ ရှိလိမ့်ဦးမည် ဖြစ်ပါသည်။ ထိုတက္ကသိုလ် များစွာထဲတွက် ဆရာကြီး ဦးမြင့်ဆွေ တည်ထောင်ဖွင့်လစ်ထားသော တက္ကသိုလ်များသည်လည်း အပါအ၀င်ဖြစ်ပါသည်။ ဆရာကြီးဦးမြင့်ဆွေ တည်ထောင်ဖွင့်လစ်သော တက္ကသိုလ်များသည် ပင်မအနေအားဖြင့် မန္တလေး နှင့် ရန်ကုန် ဗုဒ္ဓတက္ကသိုလ် ၂ ခုဖြစ်ပါသည်။ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ကို နိုင်ငံတော်သံဃာ့မဟာနာယ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာကုမာရာဘိဝံသမှ အဓိပတိအဖြစ် တာဝန်ယူ၍ ဆရာကြီး ဦးမြင့်ဆွေ (မဟာဝိဇ္ဇာ-လန်ဒန်)က ပါမောက္ခချုပ် တာဝန်ယူ ဆောင်ရွက်ပြီး ကထိက ဆရာတော်များ ၀န်းရံလျှက် ၂၀၀၄ ခုနှစ်တွင် စတင်တည်ထောင်ဖွင့်လစ်ခဲ့ပါသည်။ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ကို တည်ထောင်လာခဲ့သည်မှာ ဆယ်စုနှစ် တခုနီးပါးခန့် ရှိခဲ့လေပြီ ထိုဆယ်စုနှစ်တစ်ခုအတွင်း ရန်ကုန်ဗုဒ္ဓတက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သော  သာသန့ာ အာဇာနည် ဒေါက်တာ ကျောင်းသားများ အမ်အေ အောင်ပြီးကျောင်းသားများ ဘီအေအောင်ပြီး ကျောင်းသားရဟန်းတော်များလည်း အများအပြားပေါ်ထွန်းခဲ့ပေပြီ။ သာသနာ့အာဇာနည် များမွေးထုတ်ပေးရာဖြစ်သော ရန်ကုန်ဗုဒ္ဓတက္ကသိုလ်သည်လည်း မြေမှပေါက်စ သစ်ပင်လေးတပင်မှသည် အရွက်အခက် အသီးအပွင့်တွေနှင့် ဝေဆာပွင့်လန်းနေသော သစ်ပင်ကြီးတပင်အလား တနေ့ထက်တနေ့ စီပင်သာယာဝပြောလို့နေပေသည်။
ဆက်လက်ရှင်သန်နေသော အပင်တစ်ပင်ကို ဆက်လက်ရှင်သန်နိုင်စေဖို့ ရေးလောင်းပေါင်းသင် အလုပ်များလုပ်ပေးရသလို ရှင်သန်နေသော ဗုဒ္ဓတက္ကသိုလ်ကို ဆက်လက် တည်တံ့စေဖို့ ဆရာဒကာညီညွတ်စွာဖြင့် ထိန်းသိမ်း စောင့်ရှောက် လူဒါန်းထောက်ပံ့နေသည်ကိုလည်း ယနေ့အချိန်မှာ တွေ့မြင်နေရပါသည်။ ပညာသင်ရင်း သာသနာပြုဟူသော ဗုဒ္ဓတက္ကသိုလ်၏  လမ်းညွှန်ဆောင်ပုဒ်နှင့်အညီ ပြည်နယ်နှင့်တိုင်းများသို့ သာသနာပြု နွေရာသီ သင်တန်းများဖွင့်လှစ် ကြွတော်မူမည့် အဖွဲ့များအား မော်လမြိုင်မြို့ ဟိတဓရဆရာတော် ဦးဆောင်လျှက် ဟိတဓရ ဖောင်ဒေးရှင်းမှလှူဒါန်းသော ပုံနှိပ်စာအုပ် (15000) ပင်မကုသိုလ်ရှင် စိန်ပွင့်ကြီးပွဲရုံနှင့် ကုသိုလ်ရှင်များ စုပေါင်းလှူဒါန်းသော ဗုဒ္ဓတက္ကသိုလ် လိုဂိုတံဆိပ်ပါ ဗလာစာအုပ် (19500)ကို 29-2-2012 နေ့တွင် ဗုဒ္ဓတက္ကသိုလ် ပင်မစာသင်ခန်းမဆောင်ကြီးအတွင်း၌ ပေးအပ် လှူဒါန်းခြင်းဟူသော ရေလောင်း ပေါင်းသင် အမှုကို ပြုလုပ်ခဲ့ပါသည်။ 
ဗုဒ္ဓတက္ကသိုလ် လိုဂိုတံဆိပ်ပါ ဗလာစာအုပ်လှုဒါန်းပွဲ မြင်ကွင်း

 ရွှေပြည်သာ နွေရာသီ ယဉ်ကျေးမှုနှင့် အင်္ဂလိပ်စာ သင်တန်း မြင်ကွင်း
အဟောင်း၊ အသစ်ပေါင်းစပ်ပြီး အကောင်းဆုံးဖြစ်အောင်လုပ်မည်ဟူသော ဆုံးဖြတ်ချက် နှင့်အညီ ကထိက ဆရာတော်များကလည်း သင်ကြားပို့ချမှုအပိုင်းမှာ စေတနာ ၀ါသနာ အနစ်နာ ဟူသော နာသုံးနာနှင့်အညီ မြတ်ဗုဒ္ဓ၏ တရားဒေသနာတော်များကို အဆင့်မှီစွာဖြင့် သင်ကြားပို့ချ ပေးခဲ့ပါသည်။ ထိုသို့ ဗန်းမော်ဆရာတော်ဘုရားကြီး၏ လမ်းညွှန်မှု၊ ဆရာကြီးဦးမြင့်ဆွေ၏ စေတနာ၊ ကထိက ဆရာတော်များ၏ ကြိုးစားအားထုတ်ပို့ချမှု၊ တပည့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအပေါ် စိတ်ဝင်တစား လေ့လာ နည်းခံမှုများဖြင့် ဗုဒ္ဓတက္ကသိုလ်သည် ယ္ခုဆိုလျင် အတိုင်းအတာတစ်ခုအထိ အောင်မြင် ရှင်သန်နေပေပြီ။ နောက်နောင်လဲ ဗုဒ္ဓတက္ကသိုလ်ကို ဆရာနှင့် ဒကာ၊ လက်ဆင့်ကမ်း သာသနာ့တာဝန်ကို ထမ်းဆောင်ပြီး ရှင်သန် တည်တံ့အောင် ဆက်လက်ထိမ်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါသည်။ လိုအပ်သလိုလဲ ဆက်လက်ထိမ်းသိမ်းစောင့်ရှောက်နိုင်စေဖို့ ဗုဒ္ဓတက္ကသိုလ်၏ အသီးအပွင့် ပညာတတ် ရဟန်းတော်များ နှင့် သီလရှင်များ အများအပြားရှိပါသည်။ ထိုပညာတတ် ရဟန်းတော်များသည် ဗုဒ္ဓတက္ကသိုလ်ကို အရှည်တည်အောင် ကြိုးစားအားထုတ်လျှင်ဖြင့် ဆယ်စုနှစ် မှသည် နောင် ရာစုနှစ် တိုင်အောင်အထိ ရှင်သန်နေသော ဖွံ့ဖြိုးနေသော ဗုဒ္ဓတက္ကသိုလ်အဖြစ် တွေ့မြင်နိုင်မည်ဆိုသည်မှာ မြေကြီး လက်ခတ်မလွဲ ဖြစ်ပါသည်။
ဘာသာ သာသနာ အကြိုးအတွက် သင်ကြား ပို့ချ နည်းခံမှတ်သားရာ၊ စွန့်လွတ်စွန့်စား ကြိုးစားအားထုတ်ရာ ဗုဒ္ဓတက္ကသိုလ်ကြီးသည် ကျောင်းသား ကျောင်းသူများအတွက် အဖိုးမဖြတ်နိုင်သော နေရာဒေသ တစ်ခုဖြစ်ပါသည်။ ကျောင်းသူ ကျောင်းသား ရဟန်း သီလရှင် လူပုဂ္ဂိုလ်များ ပညာရည်နို့သောက်စို့ရာ ဗုဒ္ဓတက္ကသိုလ်ရိပ်မြုံကြီးသည် ဆယ်စုနှစ်မှသည် နောင်ရာစုနှစ်များစွာအထိ ရှင်သန်နေအုံးမည်ဆိုသည်မှာ……………….
ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ကထိက ဆရာတော်များ
 အရှင်ဝိမလ M A (Indo-Aryan)




မြေလတ်သားဘလော့မှ ကူးယူဖော်ပြသည်............
ဦးသာသန ပုဂံမြို့သစ်

No comments:

Post a Comment